သင် သို့မဟုတ် သင့်မိတ်ဆွေ တစ်ဦးဦးမှ အတင်းအကျပ် ပေါင်းသင်းခံနေရပါက သို့မဟုတ် ယင်းသို့ ပေါင်းသင်းရန် အတင်းအကျပ် ဖိအားပေးခံနေရပါက အကူအညီရနိုင်ပြီး သင် တစ်ယောက်တည်း ဖြစ်မနေကြောင်း သိထားပါ။
သင့်အနေဖြင့် သင့်အနာဂတ်နှင့် ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်ခြင်း၊ မရေမရာမသေချာခြင်းတို့ ဖြစ်နေနိုင်သလို သင့်ခံစားချက်၊ ဝတ္တရားတို့ နှင့် စပ်လျဉ်း၍ ရှုပ်ထွေးမှုများ ရှိနေနိုင်ပါသည်။ ဤစာမျက်နှာတွင် ပါရှိသော ဖုန်းနံပါတ်များအနက် တစ်ခုကို ဆက်ပြီး သင်အကူအညီ ရယူနိုင်ပါသည်။
သင့်အသက် ဘယ်လောက်ရှိသည်ဖြစ်စေ၊ သင်မည်သည့် နိုင်ငံ သို့မဟုတ် မိသားစု နောက်ခံမှ ဆင်းသက်လာသည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ သို့မဟုတ် သင့်တွင် မည်သည့် ယဉ်ကျေးမှု ထုံးတမ်းများ နှင့် ကိုးကွယ်ရာ ဘာသာများ ရှိသည်ဖြစ်စေ အကြောင်းမဟုတ်ပါ။ သင်၏ ကိုယ်ပိုင် ဆန္ဒမပါပဲ အတင်းအကျပ် သင့်အား လက်ထပ် ပေါင်းသင်းမှု ပြုရန် မည်သူ့ကိုမှ ခွင့်မပြုထားပါ။